ရုရှားနိုင်ငံသို့ အလည်အပတ်ခရီးနှင့် လုပ်ငန်းကိစ္စများအတွက် လာရောက်မည့် တရုတ်နိုင်ငံသားများ၏ ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုသည့်အမိန့်ကို ဒီဇင်ဘာလ ၁ ရက်တွင် ရုရှားသမ္မတဗလာ ဒီမာပူတင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ခွင့်ပြုမိန့်အရ ရက်ပေါင်း ၃၀ အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအမိန့်အရ ရုရှားနိုင်ငံသို့ လာရောက်သည့် တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ ခရီးသွားများအား မိသားစုကိစ္စ၊ လုပ်ငန်းကိစ္စ၊ အလည်အပတ်ခရီးနှင့် သိပ္ပံ၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် အားကစားဆိုင်ရာ အခမ်းအနားများတွင် ပါဝင်တက်ရောက်ရန် ၃၀ ရက်ထက်မပိုသည့် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၁၄ ရက်အထိ ရရှိမည်ဖြစ်သည်။



