ထိုင်းနာမည်ကျော်ရုပ်ရှင်မင်းသမီတစ်ဦးဖြစ်တဲ့ နာနာဟာ အာမခံနဲ့ပြန်လည်လွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ မင်းသမီး နာနာ အင်တာချိုင်းဟာ ငွေကြေးလိမ်လည်မှုများ ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရပြီးနောက် ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖမ်းဆီးခံရပြီး ထိုင်းဘတ် (၁)သန်းနဲ့ အာမခံ ရယူကာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ နာနာဟာ ၎င်းအပေါ်စွပ်စွဲထားတဲ့ ငွေကြေးလိမ်လည်မှုစွဲချက်များကို ဆက်လက်ငြင်းဆန်နေဆဲဖြစ်ရာ ထိုင်းရဲတပ်ဖွဲ့က ၎င်းနဲ့အတူ ပါဝင်ခဲ့သူများကို ရှာဖွေလျက်ရှိနေတယ်လို့ သိရပါတယ်။ ထိုင်း ရာဇဝတ်တရားရုံးဟာ နာနာကို ဒီဇင်ဘာ (၄) ရက်မှာ အာမခံနဲ့ပြန်လွတ်ပေးခဲ့ပေမယ့် ခွင့်ပြုချက်မရှိဘဲ နိုင်ငံပြင်ပကို ထွက်ခွင့်မရှိဘူးလို့ သိရပါသည်။



