back

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေး

Dec 05 • 2:46 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေး

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေးဖွားကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၏ အဖေများနေ့ဖြစ်သော ယနေ့...

ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်အနီးတွင် မြန်မာအမျိုးသမီးတစ်ဦး ကလေးမွေးဖွားကြောင်း မယ်ဆိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ထိုင်းနိုင်ငံ၏ အဖေများနေ့ဖြစ်သော ယနေ့ ဒီဇင်ဘာလ ၅ ရက် နံနက် ၈ နာရီခွဲတွင် မယ်ဆိုင်ဂိတ်အနီး DIY စတိုးဆိုင်ရှေ့၌ မြန်မာအမျိုးသမီးတစ်ဦး ရုတ်တရက် ဗိုက်နာလာပြီး အရေးပေါ် ကလေးမွေးဖွားခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီး ကလေးမွေးဖွားသည်ကို ထိုင်းရဲတပ်ဖွဲ့နှင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကူညီဆောင်ရွက်ခဲ့ကြောင်း ဖော်ပြသည်။ ကလေးမှာ ယောက်ျားလေးဖြစ်ပြီး မိခင်နှင့် ကလေးနှစ်ဦးစလုံး ကျန်းမာရေး ကောင်းမွန်ကာ မယ်ဆိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း ဆက်လက်ဖော်ပြသည်။


news-view-count-icon

9