၂၀၂၅၊ ဒီဇင်ဘာ - ၀၅
ယမန်နေ့ ဒီဇင်ဘာ ၄ ရက် ည ၁၁ နာရီခွဲအချိန်ခန့်ကမွန်ပြည်နယ်၊ မော်လမြိုင်မြို့၊သံလွင်ဥယျာဉ်ဝင်း၊ရာပြည့်စားသောက်ဆိုင်အနီးတွင် ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားပြီး မောင်းနှင်သူ အမျိုးသားတစ်ဦး မြောင်းထဲကျေ*သဆုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှသိရသည်။အဆိုပါဖြစ်စဉ်ကြောင့် ေ*သဆုံးသွားသောအမျိုးသားမှာ ဘိုကုန်းရပ်ကွက်၊သံလွင်ပန်းခြံအနောက်ဘက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်းရုပ်လောင်းကို လူမှုကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



