ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁ ရက်နေ့တွင် အလုံမြို့နယ်၊ အောက်ကြည့်မြင်တိုင်လမ်းမကြီး သခင်မြပန်းခြံအနီးရှိ King Tea ဆိုင်မှာ အော်ဒါယူဆောင်ပြီး Customer သို့ သွားပို့နေစဉ် မြစံပါယ်ထမင်းဆိုင်ရှေ့ အရောက်၌ YBS ၁၄၄ ယာဉ်မှ အနောက်ကနေ စောင့်တိုက်ပြီး ကားရှေ့ဘီးဖြင့် တက်ကြိတ်မိခဲ့ကြောင်း၊ ၎င်းဒယ်လီသမားကို YBS လူဆင်းပေါက်အောက်မှ မနည်းဆွဲထုတ်ခဲ့ရကြောင်း သိရသည်။လက်ရှိ ရန်ကုန်ဆေးရုံကြီး၊အရိုးအထူးကုအဆောင်တွင် ဆေးကုသမှုခံယူနေပြီး လူနာအခြေနေမှာ ပေါင်ရိုးကျိုး၊ ခါးရိုးအက်၊ စအိုကွဲ၊ အမျိုးသားအင်္ဂါ Capsules တစ်လုံးပြဲ အစရှိသည့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ယာဉ်တိုက်ခံရသည့် Foodpanda ဒယ်လီသမားမှာ ကိုမင်းအောင်ခန့် (ID- 1421884) ဟု သိရကြောင်း၊ ဒယ်လီ Rider ညီအကိုများကိုလည်း လာရောက်ဝန်းရံကူညီပေးစလိုကြောင်း၊ တရားခံယာဉ်မောင်းဖြစ်သူကိုလည်း တာဝန်ရှိသူများ မှ စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။



