back

သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသေးတဲ့ ​​ကျောင်း​​ပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ဒီဇင်ဘာလက စပြီး စီမံချက်တခုအနေနဲ့ တနိုင်ငံလုံးမှာ ထိုးနှံပေးသွားမယ်

Dec 05 • 12:24 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသေးတဲ့ ​​ကျောင်း​​ပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ဒီဇင်ဘာလက စပြီး စီမံချက်တခုအနေနဲ့ တနိုင်ငံလုံးမှာ ထိုးနှံပေးသွားမယ်

သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသေးတဲ့ ​​ကျောင်း​​ပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ယခုဒီဇင်ဘာလက စပြီး စီမံချက်တခုအနေနဲ့ တ...

သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ခြင်း မရှိသေးတဲ့ ​​ကျောင်း​​ပြင်ပရှိ အသက် ၉ နှစ်မှ ၁၁ နှစ် အရွယ် မိန်းကလေးတွေကို ယခုဒီဇင်ဘာလက စပြီး စီမံချက်တခုအနေနဲ့ တနိုင်ငံလုံးမှာ ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။ ယခု စီမံချက်နဲ့ ထိုးနှံပေးမယ့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးက တကြိမ်တည်းသာ ထိုးနှံရမှာဖြစ်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါကို အဓိကဖြစ်စေနိုင်တဲ့ လိင်အင်္ဂါကြွက်နို့ရောဂါပိုးအမျိုးအစား (၆/၁၁/၁၆/၁၈) တို့ကို ကာကွယ်ပေးနိုင် တယ်လို့ သိရပါတယ်။ သားအိမ်ခေါင်းကင်ဆာ ရောဂါက လိင်ဆက်ဆံရာကနေ အဓိက ကူးစက်တဲ့ ရောဂါအမျိုးအစား ဖြစ်တာကြောင့် မိန်းကလေးငယ်တွေ အနေနဲ့ အရွယ်မတိုင်မီ အသက် ၉ နှစ်မှစပြီး ၁၅ နှစ်မတိုင်မီ အထိအသက်အရွယ်တွေမှာ မဖြစ်မနေထိုးနှံ ဖိုလိုအပ်တယ်လို့ သိရပါတယ်။ ကျောင်းပြင်ပရှိ မိန်းကလးငယ်တွေမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံနိုင်မှု အားနည်းနေတဲ့အတွက် စီမံချက်တခုအဖြစ် ယခုလို တနိုင်ငံလုံးရှိ ကျန်းမာရေးဌာန တွေနဲ့ ဆေးရုံတွေမှာ အခမဲ့ ထိုးနှံမှုကို စတင် လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိကျောင်းတွေမှာ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးက အသက် ၉ နှစ်မှာ တကြိမ် စတင်ထိုးနှံပြီး အသက် ၁၀ နှစ်မှာ ဒုတိယတကြိမ် ထိုးနှံပေးနေတာဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

22