back

ထိုင်းနိုင်ငံက အမှိုက်ပုံးတစ်ခုမှာ ကြိုးတုတ်သတ်ဖြတ်ခံထားရတဲ့ မြန်မာအလုပ်သမားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

Dec 05 • 12:23 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံက အမှိုက်ပုံးတစ်ခုမှာ ကြိုးတုတ်သတ်ဖြတ်ခံထားရတဲ့ မြန်မာအလုပ်သမားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိ

ထိုင်းနိုင်ငံ၊ ကျန်ထဘူရီခရိုင်၊ နာယိုင်အန်မြို့နယ်၊ နာယိုင်အန်ကျေးရွာအနီးက အမှိုက်ပုံးတစ်ခုမှာ ဒီဇင်ဘာလ ၄ ရက်က ကြိုးတုတ်သတ်ဖြတ်ခံထားရတဲ့ မြန်မာလုပ်သားတစ်ဦးရဲ့ ရ...

ထိုင်းနိုင်ငံ၊ ကျန်ထဘူရီခရိုင်၊ နာယိုင်အန်မြို့နယ်၊ နာယိုင်အန်ကျေးရွာအနီးက အမှိုက်ပုံးတစ်ခုမှာ ဒီဇင်ဘာလ ၄ ရက်က ကြိုးတုတ်သတ်ဖြတ်ခံထားရတဲ့ မြန်မာလုပ်သားတစ်ဦးရဲ့ ရုပ်အလောင်းတွေ့ရှိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။တွေ့ရှိရတဲ့ ရုပ်အလောင်းဟာ သတ်ဖြတ်ခံရတာ ရင်သတ္တပတ်ခန့်ကြာမြင့်ပြီဖြစ်ကြောင်းနဲ့ ပြစ်မှုကျူးလွန်သူက ရုပ်အလောင်းကို အခြားတစ်နေရာကနေသယ်ဆောင်လာပြီး အမှိုက်ပုံးထဲ စွန့်ပစ်ထားတာဖြစ်တယ်လို့ ရဲတပ် ဖွဲ့က ပြောပါတယ်။လက်ရှိမှာ ရဲတပ်ဖွဲ့က သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုနိုင်ဖို့အတွက် မြန်မာအလုပ်သမားတစ်ဦး ပျောက်ဆုံးနေတဲ့ လုပ်ငန်းရှင်တစ်ဦးကို ဆက်သွယ်အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။


news-view-count-icon

11