back

ထိုင်းနိုင်ငံ အူဒေါင်ဌာနီတွင် မိခင်ဖြစ်သူက သမီးကို ရေချိုးခန်းအတွင်း ဓားဖြင့် ခုတ်သတ်

Dec 05 • 7:43 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ အူဒေါင်ဌာနီတွင် မိခင်ဖြစ်သူက သမီးကို ရေချိုးခန်းအတွင်း ဓားဖြင့် ခုတ်သတ်

ထိုင်းနိုင်ငံ၊ အူဒေါင်ဌာနီ တွင် ဒီဇင်ဘာ ၄ ရက်နေ့က သမီးဖြစ်သူ၏ ရည်းစားကြောင့် မူးယစ်ဆေးစွဲလာပြီး မကြာခဏ စကားများရန်ဖြစ်လေ့ရှိသည့် မိခင် (၅၂ နှစ်) နှင့် သမီး (၃၆ ...

ထိုင်းနိုင်ငံ၊ အူဒေါင်ဌာနီ တွင် ဒီဇင်ဘာ ၄ ရက်နေ့က သမီးဖြစ်သူ၏ ရည်းစားကြောင့် မူးယစ်ဆေးစွဲလာပြီး မကြာခဏ စကားများရန်ဖြစ်လေ့ရှိသည့် မိခင် (၅၂ နှစ်) နှင့် သမီး (၃၆ နှစ်) တို့အကြား အမှုအခင်းဖြစ်ပွားခဲ့သည်။ သမီးက မိခင်အား ခုံဖြင့် ရိုက်နှက်သည့် ဖြစ်ရပ် ဖြစ်ပြီးနောက်တစ်နေ့တွင် မိခင်ဖြစ်သူက ရေချိုးနေသော သမီးအား အနောက်မှလိုက်၍ ဓားဖြင့် လည်ပင်းကို ခုတ်သတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် မိခင်နှင့် သမီး နှစ်ဦးစလုံးသည် မူးယစ်ဆေးနှင့် အရက်သုံးစွဲသူများဖြစ်ပြီး၊ မိခင်ဖြစ်သူသည် ရဲများရောက်လာသည်အထိ စောင့်ဆိုင်းကာ ဖြစ်စဉ်အား ဝန်ခံခဲ့ကြောင်း သိရသည်။

news-view-count-icon

42