ယူကရိန်းအရှေ့ပိုင်း၊ ဒွန်ဘတ်စ်ဒေသမှ ယူကရိန်းတပ်ဖွဲ့များ မဆုတ်ခွာပါက ရုရှားက ယင်းဒေသကို အင်အားသုံး၍ သိမ်းပိုက်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားပြီး ယူကရိန်းမှစစ်ပွဲ အဆုံးသတ်ရေး အပေး အယူအားလုံးကို ပယ်ချလိုက်သည်ဟု ဘီဘီစီသတင်းက ဖော်ပြသည်။ကျွန်တော်တို့က ဒီဒေသကို အင်အားသုံးပြီး လွတ်မြောက်အောင်လုပ်၊ ဒါမှမဟုတ် ယူကရိန်းတပ်ဖွဲ့တွေ အဲဒီနေရာ ကနေ ဆုတ်ခွာရပါမယ်” ဟု ပူတင်က India Today သ တင်းဌာနကိုပြောကြားသည်။ရုရှားခေါင်းဆောင်က စစ်ပွဲကိုအဆုံးသတ်လိုသည်ဟု အမေရိကန်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆွေးနွေးရန် အင်္ဂါ နေ့မော်စကိုမြို့ အစည်းအဝေးတက်ရောက်ခဲ့သူ အမေရိကန်ညှိနှိုင်းရေးမှူးများက ယုံကြည်ကြကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားပြီးနောက်တွင် ပူတင်၏ မှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ် သည်။လက်ရှိတွင် ဒွန်ဘတ်စ်ဒေသ ၈၅ ရာခိုင်နှုန်းကို မော်စကိုက ထိန်းချုပ်ထား သည်။ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးကမူ နယ်မြေများ လက်လွှတ်ရေးကို ပယ်ချထားသည်။မော်စကိုမြို့သို့ သွားရောက်ခဲ့သော ထရန့်အထူးကိုယ် စားလှယ် စတိဗ်ဝစ်ကော့ဖ်သည် ယူကရိန်းအဖွဲ့အား ဖလော် ရီဒါတွင် တွေ့ဆုံရန်ရှိနေသည်။အထူးကိုယ်စားလှယ် ဝစ်ကော့ဖ် ၊ ထရန့်၏သားမက် ဂျာရက်ကုရှ်နာတို့နှင့် ဆွေးနွေးမှုမတိုင်မီ အမေရိကန်၏ အ ဆိုပြုချက်အသစ်ကို မြင်တွေ့ခဲ့ရခြင်း မရှိကြောင်း၊ ထို့ ကြောင့် မိမိတို့က အချက်တိုင်းကို ပြန်လည်စိစစ်ခဲ့ရကာ ထို မျှ အချိန်ကြာခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယသို့ တရားဝင်အလည်အပတ်မသွားမီ ငါးနာရီကြာသော တွေ့ ဆုံမှု နှင့် ပတ်သက်၍ ပူတင်က India Today နှင့် တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားသည်။အမေရိကန်အစီအစဉ်ပါ အချို့အစိတ်အပိုင်းများကို မော်စကိုက သဘောမတူကြောင်းလည်း ပူတင်က ဖွင့်ဟခဲ့သည်။နှစ်ဖက် အဓိကညှိနှိူင်းမရဖြစ်နေသောအချက်များကို ၎င်းက ပြောကြားခဲ့ခြင်း မရှိပေ။သို့သော် ရုရှားသိမ်းပိုက်ထားသောယူကရိန်းနယ်မြေများ ၏ကံကြမ္မာ နှင့် ယူကရိန်းအတွက် လုံခြုံရေးအာမခံချက် စသည် အနည်းဆုံးအချက်နှစ်ချက်တွင် အချေအတင် ဖြစ်နေကြောင်း ဘီဘီစီသတင်းက ဖော်ပြသည်။ပူတင်၏ နိုင်ငံခြားရေးမူဝါဒ အကြီးတန်းအကြံပေး နှင့် ဦးဆောင်ညှိနှိုင်းသူ ယူရီအူရှာနော့ဗ်ကလည်း စစ်ပွဲအ ဆုံးသတ်ရေးအတွက် အပေးအယူမလုပ်နိုင်ခဲ့ကြောင်း ဆွေး နွေးပွဲပြီးဆုံးချိန်မှာပင် ပြောကြားခဲ့သည်။ကမ္ဘာကြီး၏ အချိန်များကို ပူတင်က ဖြုန်းတီးပစ်နေသည်ဟု ယူကရိန်းနိုင် ငံခြား ရေးဝန်ကြီး အန်ဒရီးဆိုင်ဘီယာက ဆွေးနွေးပွဲအကြောင်း မှတ်ချက်တွင် ပြောကြားခဲ့ကြောင်း ဘီဘီစီက ဖော်ပြသည်။ယူကရိန်းအပေါ် အလုံးစုံကျူးကျော်မှုကို ရုရှားက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက စတင်ခဲ့ပြီး ယခုအခါ ယူကရိန်း နယ် မြေ ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားကာ မြေပြင်စစ်မျက်နှာစာတွင်လည်း အသာစီးရနေသည်။



