ဘီလ်ဘာအိုအသင်းကို အနိုင်ရတဲ့ပွဲမှာရခဲ့တဲ့ ပေါင်ကြွက်သားဒဏ်ရာကြောင့် ညာနောက်ခံလူ အာနိုးဟာ ၂ လ လောက် အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အာနိုးဟာ ဒဏ်ရာပြဿနာတွေနဲ့ ကြံ့ခိုင်မှု မပြည့်ဝတာတွေ ကြောင့် အခုရာသီ ရီးရဲလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲသာ ကစားပေးထားနိုင်တာဖြစ်ပါတယ်။ ဘီလ်ဘာအို အသင်းနဲ့ပွဲမှာ အခုရာသီ ပထမဆုံး လာလီဂါဂိုးဖန်တီးပေးမှုအဖြစ် အမ်ဘာပေရဲ့ သွင်းဂိုးကို အာနိုး ဖန်တီးပေး နိုင်ခဲ့ပေမယ့် ပွဲချိန် ၅၅ မိနစ်မှာ ဒဏ်ရာရခဲ့ပြီးနောက် နောက်ခံလူ အဆန်စီယိုနဲ့ လူစားလဲလိုက်ရပါ တယ်။ ကြာသပတေးနေ့က အာနိုးရဲ့ ဒဏ်ရာကို အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ပေါင်ကြွက်သား ဒဏ်ရာ ရခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ရပြီး အနည်းဆုံး ၂ လလောက်အနားယူရနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြ ပါတယ်။ ရီးရဲလ်အသင်းမှာ ညာနောက်ခံလူ ကာဗာဂျယ်ကလည်း ဒဏ်ရာကြောင့် ၂၀၂၆ နှစ်ဆန်းပိုင်းအထိ နားရမှာဖြစ် သလို အခု အာနိုးကလည်း ဒဏ်ရာထပ်ရခဲ့တဲ့အတွက် နည်းပြ အလွန်ဆိုအနေနဲ့ ညာနောက်ခံလူ နေရာမှာ ကွင်းလယ်ကစားသမား ဗယ်ဗာဒီကို နေရာပြောင်းကစားဖို့ စီစဉ်ရဖွယ်ရှိနေပါတယ်။ အသက် ၂၇ နှစ် အရွယ် အာနိုးဟာ အခုနွေရာသီမှာ လီဗာပူးကနေ မြင့်မားတဲ့မျှော်လင့်ချက်တွေနဲ့ ရီးရဲလ်ကို ရောက်လာပေမယ့် ခြေစွမ်းပြနိုင်ဖို့ကို ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။



