back

ထိုင်းဘတ် ၆ သန်းထီဆုအား ဘန်ကောက်မှ မြန်မာဇနီးမောင်နှံ ထပ်မံကံထူး

Dec 05 • 4:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းဘတ် ၆ သန်းထီဆုအား ဘန်ကောက်မှ မြန်မာဇနီးမောင်နှံ ထပ်မံကံထူး

ဘန်ကောက်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် ရန်ကုန်တိုင်းဇာတိ မြန်မာဇနီးမောင်နှံနှစ်ဦးသည် ဒီဇင်ဘာ ၁ ရက် ထိုင်းထီဖွင့်ပွဲတွင် ဘတ် ၆ သန်း (ခြောက်သန်း) ဆုကြီး ထပ...

ဘန်ကောက်မြို့တွင် နေထိုင်အလုပ်လုပ်ကိုင်နေသည့် ရန်ကုန်တိုင်းဇာတိ မြန်မာဇနီးမောင်နှံနှစ်ဦးသည် ဒီဇင်ဘာ ၁ ရက် ထိုင်းထီဖွင့်ပွဲတွင် ဘတ် ၆ သန်း (ခြောက်သန်း) ဆုကြီး ထပ်မံကံထူးခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားများကို ကူညီပေးနေသည့် M.H.A.C မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ယင်းဇနီးမောင်နှံသည် ထိုင်းနိုင်ငံတွင် ငါးနှစ်ကြာ နေထိုင်လုပ်ကိုင်ခဲ့သူများဖြစ်ပြီး၊ ၎င်းတို့၏ ဆုကြေးငွေအား M.H.A.C အဖွဲ့ထံ အကူအညီတောင်းခံခဲ့သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ယူပေးခဲ့ပြီးဖြစ်ကာ၊ ကံထူးရှင်တို့က M.H.A.C အဖွဲ့အတွက် ဘတ်တစ်သိန်းနှင့် ခိုလှုံနေသည့် မြန်မာလုပ်သားများအတွက်လည်း ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခုလဆန်းတွင် ထိုင်းနိုင်ငံတောင်ပိုင်း ဟတ်ယိုင်မြို့အနီးမှ မြန်မာညီအစ်ကိုနှစ်ဦးကလည်း ဘတ် ၆ သန်းဆု နှစ်စောင်တွဲ (ဘတ် ၁၂ သန်း) ကံထူးခဲ့သေးရာ ယခုလဆန်း၌ မြန်မာနိုင်ငံသားများက ထိုင်းထီပထမဆု သုံးဆုအထိ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

15