ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နှင့် မတ် ၃၁ ရက်တို့တွင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်းကုန်ဆုံးမည့် မြန်မာ၊ လာအို၊ ဗီယက်နမ် နိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား (လူဟောင်း) များအား တစ်နှစ်သက်တမ်း ထပ်တိုးပေးမည်ဖြစ်ကြောင်း ဝန်ကြီး ထရီနွတ်ခ်ျထီယန်ထောင်းက ပြောကြားခဲ့သည်။ ထို့ကြောင့် အဆိုပါ အလုပ်သမားများအနေဖြင့် သက်တမ်းတိုးလျှောက်လွှာများကို အချိန်မီတင်နိုင်ရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားကြောင်း သိရသည်။ တရားဝင်ကြေညာချက် ထွက်ရှိပြီးပါက အလုပ်ရှင်များအနေဖြင့် သတ်မှတ်ကာလအတွင်း လျှောက်လွှာများ စတင်တင်သွင်းနိုင်မည်ဖြစ်သည်။
ထိုင်းအစိုးရမှ မြန်မာ၊ လာအို၊ ဗီယက်နမ် ရွှေ့ပြောင်းလုပ်သားများအား အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် စာရွက်စာတမ်းများ ပြင်ဆင်ထားရန် အသိပေး
Dec 05 • 4:32 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


