တရုတ်နှင့် ကင်ညာနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်သည့် အနေဖြင့် တရုတ်-ကင်ညာချစ်ကြည်ရေး အားကစားပွဲကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကင်ညာနိုင်ငံ မြို့တော် နိုင်ရိုဘီမြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။ ယခုအကြိမ် အားကစားပွဲ၌ ပြေးခုန်ပစ်အားကစားနှင့် အပျော်တမ်းအားကစား အစီအစဉ်ဟူ၍ အမျိုးအစား နှစ်မျိုးခွဲထားပြီး၊ ကင်ညာနိုင်ငံရှိ တရုတ်လုပ်ငန်းကုမ္ပဏီများမှ တရုတ်နှင့် ကင်ညာဝန်ထမ်းပေါင်း ၇၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
Dec 05 • 4:38 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 18 | 0 | 0 | 0 |


