back

စစ်ကိုင်းမြို့တွင် မုန့်ပေါင်းပွဲတော် အစဉ်အလာမပျက် ပြုလုပ်ကျင်းပခဲ့

Dec 05 • 3:49 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းမြို့တွင် မုန့်ပေါင်းပွဲတော် အစဉ်အလာမပျက် ပြုလုပ်ကျင်းပခဲ့

စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်တွင် မုန့်ပေါင်းပွဲတော်ကို ဒီဇင်ဘာလ ၄ ရက် (နတ်တော်လပြည့်နေ့) မွန်းလွဲပိုင်းမှ စတင်ခင်းကျင်း ရောင်းချကာ အစဉ်အလာမပျက် ပြုလုပ်လျက်ရှိက...

စစ်ကိုင်းမြို့၊ ဒါးဝယ်ဈေးရပ်တွင် မုန့်ပေါင်းပွဲတော်ကို ဒီဇင်ဘာလ ၄ ရက် (နတ်တော်လပြည့်နေ့) မွန်းလွဲပိုင်းမှ စတင်ခင်းကျင်း ရောင်းချကာ အစဉ်အလာမပျက် ပြုလုပ်လျက်ရှိကြောင်း တွေ့ရှိရသည် ။မုန့်ပေါင်းပွဲတော်ကို ဝေဠုဝန်ငါးထပ်ကြီးဘုရားရှေ့လမ်းတစ်လျှောက်တွင် နတ်တော်လပြည့်နေ့ညနှင့် လပြည့်ကျော် တစ်ရက်နေ့ ညတို့တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး ယခင်နှစ်များက မုန့်ပေါင်းရောင်းချသူ ရာနှင့်ချီ လာရောက်ရောင်းချလေ့ရှိကြောင်း သိရှိရသည် ။မုန့်ပေါင်းပွဲတော်ကို ငါးထပ်ကြီးဘုရားဝန်းကျင်ရှိ ဒါးဝယ်ဈေး ၊ ဘော်ဂါ ၊ ညောင်ကုန်း ၊ ကနားတော် စသည့်ရပ်ကွက်များရှိ ဒေသခံဈေးသည်များမှ အစဉ်အလာမပျက် ပြုလုပ်ခဲ့ကြခြင်းဖြစ်ပါသည်။

news-view-count-icon

41