back

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နန်းယွန်းမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့

Dec 05 • 3:48 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ နန်းယွန်းမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ ရှရ ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ဒီဇင်ဘာလ ၄ ရက် မနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင်ဘုရားမီးပူဇော်ရ...

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့ ရှရ ရပ်ကွက်ရှိ အိမ်တစ်အိမ်တွင် ဒီဇင်ဘာလ ၄ ရက် မနက် ၄ နာရီ ၄၀ မိနစ်ခန့်တွင်ဘုရားမီးပူဇော်ရာ မှ မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။အဆိုပါ မီးလောင်ကျွမ်းမှုဟာ ၁ နာရီခန့် ကြာမြင့်ခဲ့ပြီးမီးလောင်မှုကြောင့် လူနေအိမ် နှင့် လူနေအိမ်ဆိုင် ၄ လုံး ပျက်စီးသွားခဲ့တယ်လို့လည်း ဆိုပါတယ်။မီးလောင်မှုဖြစ်ပွားခဲ့ချိန်တွင် မီးသတ်ဌာန၏ ဝန်ထမ်းများ အဆင်သင့်မရှိတာကြောင့် မီးလောင်မှုအချိန်ကြာမြင့်သွားပြီးမြို့နေ ပြည်သူလူထုများက ၎င်းတို့ ရှိရာ ရေဆွဲပုံးများယူကာ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရသည်ဟုလည်း သိရသည်။ ထို့နောက် အချိန်တစ်နာရီခန့် မီးလောင်ကျွမ်း၍ မီးကူးစက်ကာ ပျက်စီးမှုပိုများရှိခဲ့ကြောင်းလည်း ဒေသခံသတင်းတစ်ခု၏ ဖော်ပြချက်အရ သိရှိရသည်။ အဆိုပါ မီးလောင်မှု့အား သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေး အရေးယူမှု့များ ပြုလုပ် သွားမည်ဟုလည်း သိရှိရပါသည်။

news-view-count-icon

17