တောင်ကိုရီးယားတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတဟောင်း ယွန်းဆော့ယိုက လွတ်လပ်မှုအတွက် စုရုံးဆန္ဒပြကြရန် ၎င်းအားထောက်ခံသူများကို ဒီဇင်ဘာ ၃ ရက်တွင် အကျဉ်းထောင်အတွင်းမှ တိုက်တွန်းနှိုးဆော်ခဲ့ပြီး လွန်ခဲ့သည့် တစ်နှစ်က စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ခဲ့သည့် ၎င်း၏ ဆုံးဖြတ်ချက်ကို ခုခံကာကွယ်ပြောဆိုခဲ့သည်။၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်က ယွန်းသည် တောင်ကိုရီးယား၌ ဆယ်စုနှစ် လေးစုကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့သည်။ထို့ကြောင့် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး လွှတ်တော်တွင် ဆန္ဒပြသူများနှင့် စစ်သားများကြား ထိပ်တိုက်တွေ့ခဲ့သည်။နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ချခဲ့ပြီးနောက် ယွန်းသည် ၎င်း၏ စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။
တောင်ကိုရီးယားတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သမ္မတဟောင်း ယွန်းက လွတ်လပ်မှုအတွက် စုရုံးဆန္ဒပြကြရန် ၎င်းအားထောက်ခံသူများကို တိုက်တွန်း
Dec 05 • 3:46 AM
တောင်ကိုရီးယား
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


