back

တရုတ် ဝန်ကြီးချုပ်မှ မြို့ပြအသွင်ပြောင်းရေး မဟာဗျူဟာသစ်အား အကောင်အထည်ဖော်ရန် တိုက်တွန်း

Dec 05 • 3:45 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ် ဝန်ကြီးချုပ်မှ မြို့ပြအသွင်ပြောင်းရေး မဟာဗျူဟာသစ်အား အကောင်အထည်ဖော်ရန် တိုက်တွန်း

ပြည်သူဗဟိုပြု မြို့ပြအသွင်ပြောင်းရေး မဟာဗျူဟာသစ်အား အကောင်အထည်ဖော်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများ တစ်ပေါင်းတစ်စည်းတည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သော ပြည...

ပြည်သူဗဟိုပြု မြို့ပြအသွင်ပြောင်းရေး မဟာဗျူဟာသစ်အား အကောင်အထည်ဖော်ရေး၊ မြို့ပြနှင့် ကျေးလက်ဒေသများ တစ်ပေါင်းတစ်စည်းတည်း ဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သော ပြည်တွင်းဝယ်လိုအား အလားအလာကို ဖော်ထုတ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးအတွက် ကြိုးပမ်းအားထုတ်ကြရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က ဒီဇင်ဘာ ၃ ရက်၌ တိုက်တွန်းပြောကြားခဲ့သည်။တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၏ လေ့လာဆန်းစစ်မှု အစည်းအဝေး၌ သဘာပတိအဖြစ် ဆောင်ရွက်စဉ် လီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်များဖြစ်ကြသည့် တင်းရွှဲရှန်၊ ဟယ်လိဖုန်းနှင့် နိုင်ငံတော်ကောင်စီဝင် ဝမ်ရှောင်ဟုန်တို့က ထိုအစည်းအဝေး၌ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

20