တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဘိုးအောက်မြို့၌ ရုရှားနိုင်ငံ TASS သတင်းဌာန အကြီးအကဲ Andrey Kondrashov ၊ မလေးရှားနိုင်ငံ အမျိုးသားသတင်းအေဂျင်စီ (Bernama) အမှုဆောင်အရာရှိချုပ် Nur-ul Afida Binti Kamaludin ၊ ဗီယက်နမ်နိုင်ငံ သတင်းဌာန (VNA) အကြီးအကဲ Vu Viet Trang စသည့် ၅၇ ကြိမ်မြောက် အာရှပစိဖိတ် သတင်းဌာနအဖွဲ့ (OANA) အမှုဆောင်အဖွဲ့ အစည်းအဝေး တက်ရောက်လာသော နိုင်ငံများစွာမှ မီဒီယာအဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက မီဒီယာအဖွဲ့အစည်း တာဝန်ရှိပုဂ္ဂိုလ်များ တရုတ်နိုင်ငံသို့လာရောက်၍ အစည်းအဝေးတက်ရောက်ခြင်းကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။



