အာဆီယံအကောက်ခွန်ဖြတ်သယ်ဆောင်လိုသူတွေ အနေနဲ့အကောက်ခွန်ဦးစီးဌာန ရြဲ Principal Trader အဖြစ် မှတ်ပုံတင်နိုင်ပြီဖြစ်တယ်လို့သိရပါတယ်။
" IIC အာဆီယံအကောက်ခွန်ဖြတ်သန်းသယ်ဆောင်တဲ့စနစ် (ASEAN Customs Transit System - ACTS) မှာ အဓိကလုပ်ငန်းဆောင်ရွက်သူ (Principal Trader) အဖြစ် ကုန်သွယ်မှု မှာ ပါဝင်ဆောင်ရွက်နေတဲ့လုပ်ငန်း/ အဖွဲ့အစည်း တွေ အနေနဲ့ အကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲ၊ User Registration Section ဆီမှာ လာရောက်လျှောက်ထားဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်လို့ " အကောက်ခွန်ဦးစီးဌာန ၊ MACCS ဌာနခွဲ ကဆိုပါတယ်။Principal Trader အဖြစ် မှတ်ပုံတင်ဆောင်ရွက်လိုသူတွေ အနေနဲ့ အစိုးရရုံးဖွင့်ရက်တွေမှာ မနက် ၉ နာရီ ၃၀ ကနေ ညနေ ၄ နာရီ ၃၀ ထိဆောင်ရွက်သွားနိုင်တယ်လို့သိရပါတယ်။Company Letter Head ဖြင့် ကတိခံဝန်ချက်လျှောက်လွှာ ၊ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (မူရင်း/မိတ္တူ)၊လျှောက်ထားသူရဲ့ မှတ်ပုံတင် (မူရင်း/မိတ္တူ) နဲ့ Trader Registration Form စာရွက်စာတမ်း တွေ နဲ့ အတူ ဖြည့်စွက်တင်ပြရမယ့် Form ပုံစံ တွေကို အကောက်ခွန်ဦးစီးဌာန Website ကနေ Download ရယူ ဆောင်ရွက်သွားနိုင်တယ်လို့သိရပါတယ်။ အာဆီယံအကောက်ခွန်ဖြတ်သယ်ဆောင်လိုသူတွေ အတွက် အကောက်ခွန်ဦးစီးဌာန က Principal Trader အဖြစ် လျှောက်ထားနိုင်ပါပြီ။ လျှောက်ထားလိုသူတွေအနေနဲ့ အကောက်ခွန်ဦးစီးဌာန၊ MACCS ၏ ကြေငြာချက် အတိုင်း ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။" လို့ အကောက်ခွန်လုပ်ငန်းဆိုင်ရာ ၊ နယ်ပယ်အဖွဲ့အစည်းတစ်ခုကပြောပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်း တွေ ပြည့်စုံမှန်ကန်တယ်ဆိုရင် အကောက်ခွန်ဦးစီးဌာနအနေနဲ့ အဓိကလုပ်ငန်းဆောင်ရွက်သူ (Principal Trader) အတွက် (Trader Identification Number) ကို MACCS ဌာနခွဲ User Registration Section ကနေ ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဆက်လက်ပြီး Principal Trader ရဲ့ ကိုယ်စားလှယ်/ Broker အဖြစ် မှတ်ပုံတင်ဆောင်ရွက်တာတွေကိုလည်းပြုလုပ်သွားနိုင်တယ်လို့သိရှိရပါတယ်။



