ပြည်တွင်းစားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် အောက်တိုဘာလတွင် တစ်ပိဿာလျှင် ကျပ်(၆၅၈၅)ကျပ်သတ်မှတ်ခဲ့ရာမှ လက်ရှိကာလ ဒီဇင်ဘာလ ဒုတိယအပတ်တွင် ကျပ်(၆၁၄၀)ထိ ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး နှစ်လအတွင်း တစ်ပိဿာလျှင် ရည်ညွှန်းဈေးကျပ် (၄၄၅)ကျပ်အထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။ယခုအပတ် ဒီဇင်ဘာ (၅)ရက်မှ (၁၁)ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၆၁၄၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတိက အသိပေးထုတ်ပြန်ထားခြင်းလည်းဖြစ်သည်။



