back

မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ ဆီးဂိမ်းစ်အုပ်စုအဖွင့်ပွဲတွေ ဒီနေ့ ယှဉ်ပြိုင်ကစားမယ်

Dec 05 • 3:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ ဆီးဂိမ်းစ်အုပ်စုအဖွင့်ပွဲတွေ ဒီနေ့ ယှဉ်ပြိုင်ကစားမယ်

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ အုပ်စုအဖွင့်ပွဲတွေကို ဒီနေ့ ယှဉ်ပြိုင်ကစားရမှာ...

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ (၃၃)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းတွေရဲ့ အုပ်စုအဖွင့်ပွဲတွေကို ဒီနေ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။အမျိုးသားဘောလုံးအသင်းက မြန်မာစံတော်ချိန် ညနေ (၅း၃၀)နာရီမှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို၊ အမျိုးသမီးဘောလုံးအသင်းကလည်း မြန်မာစံတော်ချိန် ညနေ (၃း၃၀)နာရီမှာ ဖိလစ်ပိုင်အမျိုးသမီးအသင်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။အမျိုးသားဘောလုံးပြိုင်ပွဲမှာ အသက်(၂၂)နှစ်အောက် ယူ-၂၂ အသင်းတွေသာ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(C)မှာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နဲ့အတူ ကျရောက်နေပါတယ်။အမျိုးသမီးဘောလုံးပြိုင်ပွဲမှာတော့ လက်ရွေးစင်အဆင့်အဖြစ် အသက်ကန့်သတ်မထားဘဲ ယှဉ်ပြိုင်ရတာဖြစ်ပြီး မြန်မာအသင်းဟာ အုပ်စု(B)မှာ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားတို့နဲ့အတူ ကျရောက်နေပါတယ်။

news-view-count-icon

36