back

နေပြည်တော်တွင် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

Dec 05 • 2:05 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ်ကလေးသူငယ် ...

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဝန်ကြီးဌာနများတွင် နေ့ကလေးထိန်းဌာနများ ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် အသက်ခြောက်လမှ သုံးနှစ် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအခြေခံသင်တန်းဆင်းပွဲကို ဒီဇင်ဘာ၄ရက်နေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။ သင်တန်းဆင်းပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ တက်ရောက်ကြသည်။အဆိုပါသင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး ဝန်ကြီးဌာန ၂၀ မှ သင်တန်းသူ စုစုပေါင်း ၃၆ ဦး တက်ရောက်ခဲ့ပါတယ်။


news-view-count-icon

25