back

ဧရာဝတီတိုင်းတွင် အုန်းသီးဈေး လမ်းစရိတ်ကြောင့် တွက်ချေမကိုက်ဖြစ်နေ

Dec 05 • 2:06 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်းတွင် အုန်းသီးဈေး လမ်းစရိတ်ကြောင့် တွက်ချေမကိုက်ဖြစ်နေ

ဧရာ၀တီတိုင်းအတွင်းမှာလမ်းခရီးတလျှောက် အစစ်အဆေးများတာ၊ ကားခတွေ စျေးတက်တာ၊ အဝယ်ပါးတာတို့တွေကြောင့် အုန်းသီးစျေးတွေ ထိုးကျနေပြီး အုန်းခြံပိုင်ရှင်တွေ တွက်ချေ မကို...

ဧရာ၀တီတိုင်းအတွင်းမှာလမ်းခရီးတလျှောက် အစစ်အဆေးများတာ၊ ကားခတွေ စျေးတက်တာ၊ အဝယ်ပါးတာတို့တွေကြောင့် အုန်းသီးစျေးတွေ ထိုးကျနေပြီး အုန်းခြံပိုင်ရှင်တွေ တွက်ချေ မကိုက်ဖြစ်နေကြပါတယ်။အုန်းသီးအဓိကထွက်တဲ့ ဖျာပုံ၊ပုသိမ်၊ငရုတ်ကောင်း မြို့နယ်တွေ အတွင်းမှာ အရင်က အုန်းသီးတလုံးကို ကျပ် ၂,၃၀၀ ကနေ ကျပ် ၃,၀၀၀ လောက်ထိ ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလလယ်ပိုင်းလောက်ကတည်းက စျေးတွေ ပြန်ကျသွားခဲ့တာ ဖြစ်တယ်လို့ အုန်းခင်ပိုင်ရှင်တွေနဲ့ ဝယ်ရောင်းလုပ်နေသူတွေက ပြောကြပါတယ်။အုန်းခင်းပိုင်ရှင်တွေမှာ အုန်းသီးတွေကို လျော့စျေးနဲ့ ရောင်းနေကြရပေမယ့် ဝယ်၊ရောင်း လုပ်နေသူတွေ ကတော့ အုန်းသီးအကြီးတလုံးကို ရန်ကုန်အရောက် ကျပ်နှစ်ထောင်၊ နှစ်ထောင်ကျော် လောက် ထိ စျေးတင် ရောင်းနေကြတယ်လို့ ဆိုပါတယ်။

news-view-count-icon

16