back

မန်ယူနိုက်တက်အသင်း အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့

Dec 05 • 2:00 AM

breaking-news

မြန်မာ

ပြည်ပ

cover

မန်ယူနိုက်တက်အသင်း အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ တန်းဆင်းဇုန်ထဲက ဝက်စ်ဟမ်းကို တစ်ဂိုးစီ သရေကျပြီး အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။မန်ယူနိုက်တက်အတွက် ၅၈ မိနစ...

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ တန်းဆင်းဇုန်ထဲက ဝက်စ်ဟမ်းကို တစ်ဂိုးစီ သရေကျပြီး အိမ်ကွင်းနှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။မန်ယူနိုက်တက်အတွက် ၅၈ မိနစ်မှာ ဒါလော့က ဦးဆောင်ဂိုး သွင်းခဲ့ပေမဲ့ ဝက်စ်ဟမ်းကစားသမား မာဂက်ဆာက ၈၃ မိနစ်မှာ ပြန်လည်ချေပခဲ့တာပါ။မန်ယူနိုက်တက်အသင်းဟာ အခုပွဲ သရေကျခဲ့လို့ အဆင့် ငါးနေရာကို တက်လှမ်းနိုင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ဒါ့အပြင် နောက်ဆုံး ငါးပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့လို့ အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာပဲ ရပ်တည်နိုင်တော့တယ်။

news-view-count-icon

28