ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးရေလျှံဖြစ်ပွားခဲ့မှုကြောင့် ရခိုင်လူမျိုးတွေအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သား သိန်းနဲ့ချီ ဒုက္ခရောက်နေကြတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ရေကြီးရေလျှံဖြစ်ပွားခဲ့မှုအတွင်း အိုးခွက်ပုကန်တွေ၊ အဝတ်အစားတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေလည်း ပျက်စီးဆုံးရှုံးခဲ့သလို ပါ့စပို့တွေ၊ အလုပ်ပါမိတ်တွေနဲ့ အထောက်အထားစာရွက်စာတမ်းတွေလည်း ရေနစ်မြုပ်ပျက်စီးဆုံးရှုံးသွားကြတဲ့အတွက် အလွန်တရာဒုက္ခရောက်နေကြတယ်လို့ ရေဘေးသင့်မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ Labour Right Foundation(LRF)ရဲ့ အလုပ်သမားစည်းရုံးရေးတာဝန်ခံ ဦးဘရီက ပြောပါတယ်။ရေဘေးကြောင့်သေဆုံးသွားတဲ့ ထိုင်းလူမျိုးတွေအပါအဝင် မြန်မာရွှေ့ပြောင်းလုပ်သားအများစုမှာ စာရွက်စာတမ်းအထောက်အထားတွေ ရေနဲ့မျောပါပျောက်ဆုံးပြီး နစ်မြုပ်ပျက်စီးသွားခဲ့ကြတဲ့အတွက် ထိုင်းအစိုးရထောက်ပံ့မဲ့ ကရုဏာကြေးကို ရရှိဖို့က မသေချာမရေရာဖြစ်နေတယ်လို့လည်း ကူညီဆောင်ရွက်ပေးနေသူတွေက ပြောဆိုကြပါတယ်။
Dec 05 • 1:59 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 26 | 0 | 0 | 0 |


