နော်ဝေအမျိုးသားဘဲလေးအက၏ ရိုးရာခရစ္စမတ်ဖျော်ဖြေရေးအစီအစဉ်ဖြစ်သော "The Nutcracker" တွင် တရုတ်နိုင်ငံမှ ဘဲလေးအကပညာရှင်နှစ်ဦးဖြစ်သည့် Dingkai Bai နှင့် Raymond Bai တို့က ထင်ရှားသော အခန်းကဏ္ဍများမှ ပါဝင်ဖျော်ဖြေလျက်ရှိကြောင်း သိရသည်။ နော်ဝေအမျိုးသားဘဲလေးအကအဖွဲ့ဝင် Dingkai Bai က Nutcracker မင်းသားလေးအဖြစ် ဖျော်ဖြေခဲ့ပြီး၊ နော်ဝေအမျိုးသားဘဲလေးကျောင်းမှ ကျောင်းသား Raymond Bai က ဇာတ်လမ်း၏ အဓိကဇာတ်ကောင် မိန်းကလေးငယ် Clara ၏ မောင်ငယ်လေး Fritz အဖြစ် သရုပ်ဆောင်ခဲ့သည်။ အဆိုပါဖျော်ဖြေရေးအစီအစဉ်ကို မြို့တော် အော်စလိုတွင် လွန်ခဲ့သည့်သီတင်းပတ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်အထိ ဖျော်ဖြေမှု ၂၃ ခု စီစဉ်ထားကာ ပရိသတ် ၃၀,၀၀၀ ကျော် တက်ရောက်မည်ဟု ခန့်မှန်းထားသည်။ ယင်းတရုတ်အကပညာရှင်နှစ်ဦးသည် နော်ဝေမိသားစုများ၏ ခရစ္စမတ်အစဉ်အလာတွင် ပါဝင်သည့် ဖျော်ဖြေရေးအစီအစဉ်သို့ ကွဲပြားသော အသွင်အပြင်ကို ယူဆောင်လာပေးသည်ဟု နော်ဝေအမျိုးသားဘဲလေးကျောင်း၏ အကြီးအကဲက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ ဘဲလေးအကပညာရှင်များက နော်ဝေနိုင်ငံ၏ ခရစ္စမတ်ဖျော်ဖြေရေးအစီအစဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်
Dec 05 • 1:54 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 27 | 0 | 0 | 0 |


