back

မှတ်ပုံတင် မပြုလုပ်ရသေးသော MPT ဆင်းမ်ကတ်အများအပြား ဆက်သွယ်ရေးပုဒ်မ ၇၇ အရ အပြီးသတ် ပိတ်သိမ်းခံရ

Dec 05 • 1:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မှတ်ပုံတင် မပြုလုပ်ရသေးသော MPT ဆင်းမ်ကတ်အများအပြား ဆက်သွယ်ရေးပုဒ်မ ၇၇ အရ အပြီးသတ် ပိတ်သိမ်းခံရ

မြန်မာနိုင်ငံ၏ အဓိက ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT မှ သတ်မှတ်ကာလအတွင်း တရားဝင် မှတ်ပုံတင်ခြင်း မပြုလုပ်နိုင်သော ဆင်းမ်ကတ်အများအပြားကို ဆက်သွယ်ရေးပုဒ်မ ၇၇ ...

မြန်မာနိုင်ငံ၏ အဓိက ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT မှ သတ်မှတ်ကာလအတွင်း တရားဝင် မှတ်ပုံတင်ခြင်း မပြုလုပ်နိုင်သော ဆင်းမ်ကတ်အများအပြားကို ဆက်သွယ်ရေးပုဒ်မ ၇၇ အရ ယခုရက်ပိုင်းအတွင်း အပြီးသတ် ပိတ်သိမ်းလိုက်ကြောင်း အသုံးပြုသူများထံမှ ဒီဇင်ဘာ ၅ ရက်နေ့တွင် သိရသည်။ MPT မှ သတိပေးအကြောင်းကြားစာများ၊ ဖုန်းခေါ်ဆိုမှုများဖြင့် အကြိမ်ကြိမ် အသိပေးခဲ့သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့်အတွက် ပိတ်သိမ်းခံရခြင်းဖြစ်သည်။ မှတ်ပုံတင်ခြင်း မရှိဘဲ ပိတ်သိမ်းခံရသည့် ဆင်းမ်ကတ်များသည် လုံးဝ ပြန်လည်လျှောက်ထား၍ မရနိုင်တော့ဘဲ ယင်းနံပါတ်များနှင့် ချိတ်ဆက်ထားသည့် အရေးကြီးအချက်အလက်များနှင့် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကိုပါ ဆုံးရှုံးရနိုင်ကြောင်း အသုံးပြုသူများက ပြောဆိုခဲ့သည်။

news-view-count-icon

34