ကမ္ဘာနှင့် ပိုမိုနီးကပ်လာသည့် လ ကို ဒီဇင်ဘာလ ၄ ရက်နေ့နှင် ၅ ရက်နေ့တို့တွင် တွေ့မြင်ရမည်ဖြစ်ရာ တနင်္သာရီတိုင်း၊ထားဝယ်မြို့ ၊ လောကမာရဇိန်ဘုရားကြီး ဝင်းအတွင်းမှ ယနေ့ နတ်တော်လပြည့်နေ့ ညဦးပိုင်း၌ တွေ့ရသည့် စူပါမွန်း၏ ပုံရိပ်များကို ဖော်ပြလိုက်ပါသည်။ပုံမှန်ထက် အလွန်ကြီးမားစွာမြင်တွေ့ရမည့် စူပါမွန်းဖြစ်စဉ်ကို ယမန်နေ့နှင့် ယနေ့ ဒီဇင်ဘာလ ၅ ရက်ညတွင် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးက မြင်တွေ့ရမည်ဖြစ်ကြောင်း နက္ခတ်တာရာ လေ့လာသူများကဆိုသည်။ပါမွန်း ဖြစ်စဉ် ဆိုသည်မှာ လသည် ကမ္ဘာနှင့် ပိုမိုနီးကပ်သည့် "ပယ်ရီဂျီး (Perigee)" ဟုခေါ်သော အနီးဆုံးအမှတ်ကို ရောက်ရှိနေချိန်၌ ဖြစ်ပေါ်လာသည့် လပြည့်ဝန်းကို ခေါ်ဆိုခြင်းဖြစ်ကြောင်း Myanmar Astronomy & Science Enthusiasts Society (MASES) က ရှင်းပြထားသည်။
Dec 05 • 2:01 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 21 | 0 | 0 | 0 |


