မြန်မာဖိုက်တာတစ်ဦးဖြစ်တဲ့အောင်လအန်ဆန်းကတော့ဒီဇင်ဘာ၇ရက်မှာကျင်းပမည့် ညီလေးဗန်ရဲ့ ချန်ပီယံလုပွဲအတွက် ဝန်းရံဖို့ ဗန်ရှိရာ Las Vegas ကို ရောက်ရှိလာပြီဖြစ်ပါတယ်။ ဒီလိုမြင်ရတာ မြန်မာပရိတ်သတ်တွေလည်း သဘောကျကြသလို ဗန်အတွက်လည်း အားရှိစေမှာလည်းဖြစ်ပါတယ်။ ဂန္ဓဝင်ဖိုက်တာကြီးက သမိုင်းသစ်ရေးထိုးမယ့် ဗန်အနားမှာ ဝန်းရံပေးတာကလည်း အားအင်တစ်ခုလည်းဖြစ်ပါတယ်။



