ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ် Bhumibol Adulyadej The Great ၏ မွေးနေ့ဖြစ်သည့် ဒီဇင်ဘာလ ၅ ရက်နေ့သည် အမျိုးသားနေ့နှင့် ဖခင်များနေ့လည်း ဖြစ်သည့်အတွက် မိသားစုများ ဆင်နွှဲနိုင်ရန် ထိုင်းနိုင်ငံတစ်ဝန်းရှိ အဓိက ခရီးသွားနေရာများတွင် ဝင်ကြေးအခမဲ့ ပေးသွားမည်ဖြစ်သည်။ ဤအစီအစဉ်တွင် Royal Pantheon၊ National Science Museum Thailand၊ Manasikarn Hall (ဖခင်များအတွက်)၊ Rattanakosin Exhibition Hall နှင့် The Arts of the Kingdom Museum (Ayutthaya) စသည့် နေရာများအပြင် အမျိုးသားဥယျာဉ်များ၊ တိရစ္ဆာန်ရုံ ၆ ခု (ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက်) တို့ ပါဝင်သည်။ ထို့ပြင်၊ သားသမီးပါလာသည့် ဖခင်များအတွက် BTS Skytrain နှင့် MRT ရထားလိုင်းများ အပါအဝင် အမြန်လမ်း ၃ ခု တို့တွင်လည်း ဒီဇင်ဘာ ၅ ရက်နေ့တစ်နေ့လုံး အခမဲ့ ပို့ဆောင်ရေးဝန်ဆောင်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Dec 05 • 1:24 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


