back

၂၀၂၆ ပြိုင်ပွဲအတွက် ဟက်ဂျားကို ရက်ဘူးလ်အသင်းခေါ်ယူ

Dec 05 • 1:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ ပြိုင်ပွဲအတွက် ဟက်ဂျားကို ရက်ဘူးလ်အသင်းခေါ်ယူ

ရက်ဘူးလ်အသင်းသည် အသက် ၂၁ နှစ်အရွယ် ပြင်သစ်ဒရိုင်ဗာ ဟက်ဂျား (Hajjar) ကို လာမည့် ၂၀၂၆ ဖော်မြူလာဝမ်း ရာသီအတွက် ခေါ်ယူလိုက်ပြီဖြစ်သည်။ ဟက်ဂျားသည် လက်ရှိရာသီတွင် ရက်...

ရက်ဘူးလ်အသင်းသည် အသက် ၂၁ နှစ်အရွယ် ပြင်သစ်ဒရိုင်ဗာ ဟက်ဂျား (Hajjar) ကို လာမည့် ၂၀၂၆ ဖော်မြူလာဝမ်း ရာသီအတွက် ခေါ်ယူလိုက်ပြီဖြစ်သည်။ ဟက်ဂျားသည် လက်ရှိရာသီတွင် ရက်ဘူးလ်၏ ညီနောင်အသင်းဖြစ်သည့် ရေးဆင်းဘူးလ် (Racing Bull) အသင်းအတွက် ပြိုင်ပွဲဝင်နေသူဖြစ်ပြီး၊ ဒတ်ချ်ဂရင်းပရီတွင် တတိယနေရာရရှိမှုအပါအဝင် စွမ်းဆောင်ရည်ကောင်းများ ပြသနိုင်ခဲ့ကာ ရမှတ် ၅၁ မှတ်ဖြင့် ချန်ပီယံဆုအတွက် ရပ်တည်မှု အဆင့် ၁၀ နေရာတွင် ရှိနေသည်။ လာမည့်ရာသီတွင် ဟက်ဂျားသည် ဂျပန်ဒရိုင်ဗာ ဆူနိုဒါ ၏နေရာကို အစားထိုးကာ နယ်သာလန်ဒရိုင်ဗာ ဗာစတက်ပန် နှင့်အတူ ရက်ဘူးလ်ဒရိုင်ဗာများအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့အပြင် ရေးဆင်းဘူးလ်အသင်းကလည်း ဟက်ဂျား၏နေရာတွင် အသက် ၁၈ နှစ်အရွယ် ဗြိတိန်ဒရိုင်ဗာ လင်းဘလက် ကို အစားထိုး ခေါ်ယူလိုက်ကြောင်း သိရသည်။

news-view-count-icon

23