back

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ် ချုံချင့်မြို့ ဆွေးနွေးပွဲတွင် ပြောကြား

Dec 05 • 1:10 AM

breaking-news

မြန်မာ

ပြည်ပ

cover

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနေမှုကို မြန်မာကောင်စစ်ဝန်ချုပ် ချုံချင့်မြို့ ဆွေးနွေးပွဲတွင် ပြောကြား

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ဒီဇင်ဘာလ ၂ ရက်နေ့က ချုံချင့်မြူနီစီပယ်မြို့၊ ပေပေ့ခရိုင်ရှိ စီးပွားရေးနှင့် ကူ...

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ဒီဇင်ဘာလ ၂ ရက်နေ့က ချုံချင့်မြူနီစီပယ်မြို့၊ ပေပေ့ခရိုင်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၌ ကျင်းပသည့် စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများ ဖန်တီးပေးနေမှု အကြောင်းကို ဆွေးနွေးပြောကြားခဲ့သည်။ ၎င်းဆွေးနွေးပွဲ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဖိတ်ခေါ်နေမှုများနှင့် မြန်မာ-ချုံချင့်ကြား ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။ ဤဆွေးနွေးပွဲကို နိုင်ငံခြားနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များ ဖန်တီးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

19