back

ဗဟန်း မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၌ (၁၁၁)ကြိမ်မြောက် ပွဲတော်တွင် ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲ ကျင်းပ

Dec 05 • 1:12 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဗဟန်း မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၌ (၁၁၁)ကြိမ်မြောက် ပွဲတော်တွင် ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲ ကျင်းပ

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး၌  ဒီဇင်ဘာ ၄ ရက်နေ့လယ် ၃ နာရီတွင် ဘုရားအမှူးပြုသော...

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်ရှိ မဟာဇေယျအတုလမာရဇိန်ကြေးသွန်းဘုရားကြီး၏ (၁၁၁) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီး၌  ဒီဇင်ဘာ ၄ ရက်နေ့လယ် ၃ နာရီတွင် ဘုရားအမှူးပြုသော ဆရာတော်၊ သံဃာတော် ၅၅ ပါးအား ရည်စူး၍ ဆွမ်းဆန်တော်လောင်းလှူပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ ပူဇနိယပွဲတော်ကြီးကို နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ကာ ကျင်းပလျက်ရှိပြီး၊ နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ (၄၈) ကြိမ်မြောက် မဟာပဋ္ဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုလည်း ဆင်ယင်ကျင်းပခဲ့သည်။ ထို့အပြင် ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ဘုရားကြီးအား အနေကဇာတင်ပွဲနှင့် ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက ဆွမ်းတော်ကြီးတင်ဆက်ကပ်လှူဒါန်းပွဲတို့ကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

25