China Media Group နှင့် ဟိုင်နန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းကျင်းပသည့် ၇ ကြိမ်မြောက် ဟိုင်နန်ကျွန်း နိုင်ငံတကာရုပ်ရှင်ပွဲတော်ကို ဒီဇင်ဘာလ ၃ ရက်နေ့ ညပိုင်းက စန်းယာ့မြို့ရှိ ဖုန့်ဟွမ်-ကျွန်းတွင် ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ထိုင်း၊ ရုရှား၊ ဟန်ဂေရီ၊ အင်ဒိုနီးရှားစသည့် နိုင်ငံများမှ သက်ဆိုင်ရာအဖွဲ့အစည်း တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်များအပါအဝင် နိုင်ငံအသီးသီးမှ နိုင်ငံတကာ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ ယခုရုပ်ရှင်ပွဲတော်အတွက် နိုင်ငံနှင့် ဒေသ ၁၁၉ ခုမှ ရုပ်ရှင်ဇာတ်ကားပေါင်း ၄,၅၆၄ ကားကို လက်ခံရရှိခဲ့ပြီး တင်သွင်းမှုအရေအတွက်သည် စံချိန်သစ်ကို တင်နိုင်ခဲ့ကြောင်း သိရသည်။
Dec 05 • 1:08 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 17 | 0 | 0 | 0 |


