စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ၏ ဒသမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာနှင့် ဒုတိယအကြိမ်မြောက် မွေးမြူရေးဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကို ယနေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ နေပြည်တော်ကောင်စီအတွင်းရေးမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား)၏ စီမံခန့်ခွဲရေးနှင့် ပညာရေးအဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ကျောင်းဆင်းမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။အစီအစဉ် ဒုတိယပိုင်းတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ပျဉ်းမနား) ကျောင်းအုပ်ကြီးက စိုက်ပျိုးရေး ဒီပလိုမာဘွဲ့ ၁၆၈ ဦး နှင့် မွေးမြူရေးဒီပလိုမာဘွဲ့ ၃၂ ဦး ကိုဆိုင်ရာ အောင်လက်မှတ်များ ပေးအပ်သည်။စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအောက်ရှိ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ စိုက်ပျိုး ရေးနှင့်မွေးမြူရေးသိပ္ပံ ၁၅ ကျောင်းအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်လျက်ရှိသော အလယ်အလတ်အဆင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရှင် လူသားအရင်းအမြစ်များ သင်ကြားလေ့ကျင့်ပေးလျက်ရှိရာ ယနေ့အခမ်းအနား၌ ဒီပလိုမာလက်မှတ် ရရှိသူများအပါအဝင် စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ၅,၆၈၄ ဦးနှင့် မွေးမြူရေးဒီပလိုမာ လက်မှတ်ရ ၁၇၉ ဦး စုစုပေါင်း ၅,၈၆၃ ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။



