ဂျပန်နိုင်ငံ၊ Narita လေဆိပ်မှ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ထွက်ခွာလာသည့် All Nippon Airways (ANA) လေယာဉ်အမှတ် NH819 သည် ဒီဇင်ဘာလ ၃ ရက်နေ့ ညက အင်ဂျင်ချို့ယွင်းမှု ဖြစ်ပွားခဲ့သောကြောင့် အရေးပေါ်အခြေအနေ ကြေညာခဲ့ရသည်။ အဆိုပါ ဘိုးရင်း 787-9 အမျိုးအစား ခရီးသည်တင်လေယာဉ်သည် Haneda လေဆိပ်သို့ လမ်းကြောင်းဦးတည် ပြောင်းလဲကာ ဆင်းသက်ခဲ့ကြောင်း ဂျပန်မြေယာနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန တိုကျိုလေဆိပ်ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ လေယာဉ်ပေါ်တွင် ခရီးသည် ၂၀၈ ဦး လိုက်ပါသွားခဲ့ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
Dec 05 • 1:07 AM
ဂျပန်
ပြည်တွင်းသတင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


