back

မိတ္တီလာမှာ သက်ကြီးပိုင်းတွေကို ကန်တော့မယ်လို့ဆိုကာ တို့ဆေးနဲ့တို့ပြီး ရွှေထည်နဲ့ငွေတွေကို လိမ်လည်ယူနေသူကို ဒုတိယအကြိမ်ထပ်မံဖမ်းဆီး

Dec 04 • 1:06 PM

breaking-news

မြန်မာ

မန္တလေး

cover

မိတ္တီလာမှာ သက်ကြီးပိုင်းတွေကို ကန်တော့မယ်လို့ဆိုကာ တို့ဆေးနဲ့တို့ပြီး ရွှေထည်နဲ့ငွေတွေကို လိမ်လည်ယူနေသူကို ဒုတိယအကြိမ်ထပ်မံဖမ်းဆီး

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ထဲက မြို့ပေါ် ရပ်ကွက်တွေမှာ ပင်စင်စားသက်ကြီးရွယ်အိုတွေနဲ့ မိသားစုဆွေမျိုးမရှိဘဲ သီးသန့်နေထိုင်သူ သက်ကြီးပိုင်းတွေကို ပစ်မှတ်ထားကာ...

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ထဲက မြို့ပေါ် ရပ်ကွက်တွေမှာ ပင်စင်စားသက်ကြီးရွယ်အိုတွေနဲ့ မိသားစုဆွေမျိုးမရှိဘဲ သီးသန့်နေထိုင်သူ သက်ကြီးပိုင်းတွေကို ပစ်မှတ်ထားကာ တို့ဆေးနဲ့လိမ်လည်သူကို မနေ့က ဒုတိယအကြိမ် ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီစဥ် ရရှိတဲ့ဒဏ်ရာတွေကြောင့် မိတ္တီလာဆေးရုံမှာ ဆေးကုသပေးနေချိန် ဒီဇင်ဘာလ ၃ ရက်နေ့ မနေ့ကမနက်အစောပိုင်းမှာ ဆေးရုံကနေ ထွက်ပြေးခဲ့တယ်လို့သိရပြီး ဒီဇင်ဘာလ ၄ ရက်နေ့ ဒီကနေ့ မနက်မှာ ပြန်လည်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ဖမ်းဆီးခံရသူဟာ ကိုဝေယံဖြိုးအောင် အသက် ၃၁ နှစ်ဖြစ်တယ်လို့သိရပြီး ပုဒ်မ ၃၈၀ နဲ့ ရဲက အမှုဖွင့်ထားတယ်လို့သိရကာ တရားခံကို မိတ္တီလာမြို့မစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။




news-view-count-icon

29