back

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာပန်ဒါနီများ သားပေါက်မျိုးပွားရန် စီစဉ်ထား

Dec 04 • 1:06 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာပန်ဒါနီများ သားပေါက်မျိုးပွားရန် စီစဉ်ထား

မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ပန်ဒါနီတွေကို သားပေါက်မျိုးပွားနိုင်ဖို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ Breeding Center အခန်းတွေ စီစဉ်ထားတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျ...

မျိုးသုဉ်းလုနီးပါးဖြစ်နေတဲ့ ပန်ဒါနီတွေကို သားပေါက်မျိုးပွားနိုင်ဖို့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ Breeding Center အခန်းတွေ စီစဉ်ထားတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကနေ သိရပါတယ်။ရန်ကုန်တိရစ္တာန်ဥယျာဉ်ကို ပြီးခဲ့တဲ့ ဩဂုတ်လ(၃၀)ရက်က ကချင်ပြည်နယ်၊ ကံပိုင်တည်မြို့ကနေ အသက်နှစ်နှစ် အရွယ်ဝန်းကျင်ရှိတဲ့ ပန်ဒါနီ ၄ ကောင် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီပန်ဒါနီ ၄ ကောင်ကို ထိန်းသိမ်းရေး လုပ်ငန်းမှာ ပါဝင်တဲ့ Captive Breeding (သားပေါက်မျိုးပွားတာ)ကို အောင်မြင်အောင် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ပန်ဒါနီတွေဟာ အအေးပိုင်းဒေသမှာ နေထိုင်ကြတာဖြစ်တဲ့အတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ အဲကွန်းနဲ့ ထား တာ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်ဒါနီလေးတွေ စားတတ်တဲ့ ဝါးပင်ကိုလည်း အခန်းထဲမှာ စိုက်ပျိုးထားပြီး ကျောက် တောင်လေးတွေနဲ့ သဘာဝဆန်အောင် ပြုလုပ်ပေးထားတာပါ။ လက်ရှိမှာတော့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ရှားပါးပန်ဒါနီ အထီး ၂ ကောင်နဲ့ အမ ၄ ကောင် စုစုပေါင်း ၆ ကောင်ကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။





news-view-count-icon

26