မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကမင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်း ကို ကျပ်သန်းပေါင်း (၇၇၀၀) ကျော် အသုံးပြုကာ လမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ကမင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းရှိ စကုမြို့တွင်းလမ်း အရှည် ၄ ဒသမ ၅ ဖာလုံ၊ အကျယ် (၂၄) ပေကို ကတ္တရာလမ်းအဆင့်မြှင့်တင်တာ၊ ကွန်ကရစ်လမ်းပုခုံးခင်းတ ၊ လမ်းဘေးဝဲ/ယာ ကျောက်စီရေမြောင်း တည်ဆောက်တဲ့လုပ်ငန်းတွေကို ခွင့်ပြုရန်ပုံငွေ (၁၄၁၆) ဒသမ (၂၀) ကျပ်သန်းနဲ့ ဆောင်ရွက်ပြီးစီးပြီး ဖြစ်တယ်လို့သိရပါတယ်။မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းပိုင်းဟာ မင်းဘူးမြို့ကနေ ဆိပ်ဖြူမြို့အထိ မိုင်အားနဲ့ (၆၉) မိုင် ၇ ဖာလုံ အရှည်ရှိသော လမ်းဖြစ်ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၅၃) အုပ်စုရှိ လူဦးရေပေါင်း (၂၁၀၀၀) ခန့်က အစဉ်အမြဲ အသုံးပြုနေတဲ့လမ်းဖြစ်တယ်လို့ သိရှိရပါတယ်။



