back

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့မှ ထမင်းတစ်နပ် အငတ်ခံရာမှ ဘတ် ၁၂ သန်းထီ ကံထူးခဲ့တဲ့ မြန်မာညီအစ်ကို

Dec 04 • 8:43 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့မှ ထမင်းတစ်နပ် အငတ်ခံရာမှ ဘတ် ၁၂ သန်းထီ ကံထူးခဲ့တဲ့ မြန်မာညီအစ်ကို

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့မှ မြန်မာရွှေ့ပြောင်းလုပ်သားညီအစ်ကိုနှစ်ဦး ထမင်းတစ်နပ်အငတ် ခံပြီးထီကံစမ်းရာမှ ဘတ်ခြောက်သန်းနှစ်စောင်တွဲကံထူးခဲ့ကြောင်း မြ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဟတ်ယိုင်မြို့မှ မြန်မာရွှေ့ပြောင်းလုပ်သားညီအစ်ကိုနှစ်ဦး ထမင်းတစ်နပ်အငတ် ခံပြီးထီကံစမ်းရာမှ ဘတ်ခြောက်သန်းနှစ်စောင်တွဲကံထူးခဲ့ကြောင်း မြန်မာလုပ်သားများအရေးကူညီ ပေးနေသူများထံမှသိရသည်။ဟတ်ယိုင်မြို့ရေကြီးရေလျှံမှုကြုံရချိန်တွင် ၎င်းတို့နေထိုင်သည့် တန်းလျားတစ်ခုလုံး ရေထဲမြောပါသွား ခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များ၏ ကယ်တင်မှုကြောင့်လွတ်မြောက်လာခဲ့သူများဖြစ်သည်ဟု AAC မဟာမိတ်အဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။ကယ်ဆယ်ရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ထမင်းဖိုးအဖြစ်တစ်ဦးလျှင် ဘတ်ငါးရာစီပေးခဲ့ပြီး ယင်း ငွေဖြင့်ဘန်ကောက်မြို့ရှိမိတ်ဆွေများထံအကူအညီတောင်း အလုပ်ရှာရန်ခရီးထွက်လာချိန် ထီရောင်းသူ နှင့်တွေ့ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ရေကြီးနေတော့ထီရောင်းမကောင်းလို့ဝယ်ပေးပါပြောတော့ ထီရောင်းသမားကမိန်းခလေးဖြစ်နေတော့ မထူးတော့ဘူးအားနာတယ်။ ထမင်းတစ်နပ်လောက်မစားဘဲအငတ်ခံလိုက်မယ်ကွာဆိုပြီး ယူလိုက်မိရာ က အမြင့်ဆုံးဆုကြီးနှစ်စောင်တွဲထိုင်းဘတ်ငွေ သိန်းပေါင်း ၁၂၀ (၁၂ သန်း) ကံထူးသွားပါတယ်” ဟု AAC အဖွဲ့မှတာဝန်ရှိသူဦးခိုင်ကြီးက လူမှုကွန်ရက်တွင်ရေးသားထားသည်။ယင်းညီအစ်ကိုနှစ်ဦးသည် ဟတ်ယိုင်မြို့နှင့်ကီလိုမီတာတစ်ရာခန့်ဝေးသည့် ဒေသရှိလူနေတန်းလျား တစ်ခုတွင်နေထိုင်သူများဖြစ်ပြီး ရခိုင်ပြည်နယ်မှလာရောက်ကာ ပန်းရံလုပ်ကိုင်သူများဖြစ်ကြောင်း သိရသည်။



news-view-count-icon

17