နေပြည်တော်လမ်းမကြီးများတွင်အနှေးယာဉ်များအားလမ်းလယ်မှမောင်းနှင်ခြင်းများမရတော့ဘဲလမ်း၏ညာဖက်သတ်မှတ်ယာဉ်ကျောမှသာမောင်နှင်ရန်အတွက်စိစစ်ကြပ်မတ်ခြင်းများပြုလုပ်သွားမည်ဟုသိရသည်။" တဆင့်စကား တဆင့်နား ပါးစေချင်တာကလမ်းမအလယ်ကနေ ဆိုင်ကယ်မောင်းတာတွေထရော်လာဂျီ၊ တုတ်တုတ်၊ အိုးဝေမောင်းတာတွေမရတော့ပါဘူးလမ်းရဲ့ညာဘက်ကနေ ကပ်မောင်းရပါ့မယ် စိစစ်ကြပ်မတ်ပါတော့မယ်၊အနှေးယာဉ်အုပ်စုဖြစ်တဲ စက်ဘီး၊ တိရိစ္ဆာန်ဆွဲယာဉ်၊ လက်တွန်းလှည်း၊ လက်ဆွဲယာဉ်၊ ဘေးတွဲ သို့မဟုတ် နောက်တွဲဆိုက်ကား စသည့် အနှေးယာဉ်တွေလည်း ကြပ်မတ်ပါတော့မယ်လမ်း ရဲ့ ညာဘက်ကနေ ကပ်မောင်းရပါ့မယ်ဟုလမ်းစည်းကမ်းယာဉ်စည်းကမ်းထိန်သိမ်းရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးမှပြောသည်။ဖော်ပြပါယာဉ်များအားမိမိအတွက်ပေးထားသည့် သတ်မှတ်ယာဉ်ကြောမှာအသုံးမပြုဘဲ လမ်းအလယ်ကနေ မောင်းနေကြသည့်အခါ သတ်မှတ်ယာဥ်ကြောအတိုင်း အရှိန်နှင့်မောင်းနှင်လာသည့် ယာဉ်များနှင့်မတော်တဆမှုများ ဖြစ်ကြသည့်အတွက်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ လမ်းမအလယ်မှာ စီးနင်းသည့် လမ်းညာဘက် ဒုတိယယာဉ်ကြော စသည့်လမ်း၏ညာဘက်မှ ကပ်မမောင်းသည့်ဖော်ပြပါယာဉ်များကို ယခင်ထက်ပို၍ စိစစ်ကြပ်မတ်ဆောင်ရွက်တော့မှာဖြစ်ကြောင်းသိရသည်။



