back

ရွှေပြည်သာကားလေးဂိတ်မှတ်တိုင်နားတွင် Cosmetic & Fashion Shop ဆိုင်အား YBS ဝင်တိုက်မှုဖြစ်ပွားကာ ဆိုင်သိန်းထောင်ကျော်နီးပါး ပျက်စီးဆုံးရှုံး

Dec 04 • 8:38 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရွှေပြည်သာကားလေးဂိတ်မှတ်တိုင်နားတွင် Cosmetic & Fashion Shop ဆိုင်အား YBS ဝင်တိုက်မှုဖြစ်ပွားကာ ဆိုင်သိန်းထောင်ကျော်နီးပါး ပျက်စီးဆုံးရှုံး

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊၅/၅ ရပ်ကွက်၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်းမကြီး၊ ကားလေးဂိတ်မှတ်တိုင်နားတွင် ဖွင့်လှစ်ထားသော Cosmetic & Fashion ဆိုင်ကို Y...

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၊၅/၅ ရပ်ကွက်၊ ဗိုလ်ချုပ်‌အောင်ဆန်းလမ်းမကြီး၊ ကားလေးဂိတ်မှတ်တိုင်နားတွင် ဖွင့်လှစ်ထားသော Cosmetic & Fashion ဆိုင်ကို YBS ယာဉ် မှ ဝင်တိုက်မှုဖြစ်ပွားခဲ့ပြီး ဆိုင်သိန်းထောင်ကျော်နီးပါး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဆိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။ဒီဇင်ဘာ ၃ ရက် နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်က ရွှေပြည်သာမြို့နယ်၊ ကားလေးဂိတ်မှတ်တိုင်နားတွင် အရှိန်ပြင်းမောင်းနှင်လာသော YBS ယာဉ်မှ Tu Tu lay Cosmetic & Fashion Shop ဆိုင် ဝင်ရောက် တိုက်မိမှုဖြစ်ပွားခဲ့ပြီး ဆိုင်ပျက်စီးဆုံးရှုံးမှု တန်ဖိုးအားဖြင့် သိန်းထောင်ကျော်နီးပါး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ယာဉ်တိုက်မှုအခင်းဖြစ်ပွားရာနေရာတွင် YBS ယာဉ်ဝင်တိုက်ထားသည့် အရှိန်ကြောင့် ဆိုင်အပြင် ဆိုင်ရှေ့ ရှိ ကားသုံးစီးပါ ပျက်စီးဆုံးရှုံးမှုများခဲ့ကြောင်း၊ YBS ယာဉ်မောင်းဖြစ်သူကို စစ်ဆေးရာတွင်လည်း ယာဉ်မောင်းလိုင်စင်မရှိကြောင်း သိရှိရသ ဖြင့် တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

84