back

ရုရှားရင်းနှီးမြှုပ်နှံမှု သဘာဝမြေသြဇာစက်ရုံစီမံကိန်း ဒီဇင်ဘာလတွင် စတင်နိုင်ရန် ရည်ရွယ်

Dec 04 • 8:27 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရုရှားရင်းနှီးမြှုပ်နှံမှု သဘာဝမြေသြဇာစက်ရုံစီမံကိန်း ဒီဇင်ဘာလတွင် စတင်နိုင်ရန် ရည်ရွယ်

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ဒီဇင်ဘာလမှာ စတင်နိုင်ဖို့ ရည်ရွယ်ထားကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး...

ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုဖြစ်တဲ့ သဘာဝမြေသြဇာစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို ဒီဇင်ဘာလမှာ စတင်နိုင်ဖို့ ရည်ရွယ်ထားကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကနေ သိရပါတယ်။ဒီဇင်ဘာ ၃ ရက်နေ့က သမ/ကျေးလက်ဝန်ကြီး ဦးလှမိုးနဲ့ ရုရှားရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ရော့စ်ကွန်ဂရက်တို့ တွေ့ဆုံခဲ့ပြီး သဘာဝမြေသြဇာစက်ရုံကို တစ်နှစ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။သဘာဝမြေသြဇာစက်ရုံအတွက် လိုအပ်မယ့် ကုန်ကြမ်းဖြစ်တဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေ ရရှိဖို့ မွေးမြူရေးဇုန်တွေကနေ ဝယ်ယူသွားဖို့ကိုလည်း ဝန်ကြီးဌာနဘက်က ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။ဒါ့အပြင် ရုရှားနိုင်ငံက ပံ့ပိုးပေးတဲ့ နေကြာမျိုး (၉) မျိုးကို စိုက်ပျိုးရေးသမဝါယမအသင်းတွေနဲ့ စမ်းသပ်စိုက်ပျိုးခဲ့မှုအခြေအနေနဲ့ ရွက်ဖျန်းအားဆေးရည် ထုတ်လုပ်အသုံးပြုနိုင်ရေး ဆောင်ရွက်နေတဲ့ အခြေအနေတွေလည်း ပါဝင်ခဲ့ပါတယ်။ရုရှားနည်းပညာနဲ့ ထုတ်လုပ်တဲ့ သဘာဝဓာတ်မြေသြဇာက ဈေးနှုန်းသက်သာပြီး တစ်ဧကကို ကျပ်တစ်သောင်းမှ တစ်သောင်းခွဲအတွင်းသာ ကုန်ကျမယ့်အပြင် မြေထိန်းသိမ်းမှုအတွက်လည်း အသုံးဝင်တယ်လို့ သိရပါတယ်။တောင်သူတွေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေရဲ့ ပြောကြားချက်အရ သဘာဝမြေဩဇာ သုံးစွဲမှုကြောင့် သီးနှံအသီးသန့်မှု မြင့်မားလာမှု၊ အပင်ကြီးထွားမှုကောင်းမွန်လာမှုတွေ တွေ့ရှိရပါတယ်။လောလောဆယ်မှာ နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ သဘာဝမြေဩဇာတွေ ဖြန့်ဝေထားပြီး စက်ရုံတည်ဆောက်ပြီးပါက ပြည်တွင်းထုတ်လုပ်မှုနဲ့ အချိုးညီ ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

news-view-count-icon

52