သရုပ်ဆောင် မိုးယုစံက သူမတို့ဇနီးမောင်နှံအပြင် မောင်ဖြစ်သူကိုလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့
ခေါ်ဆောင်သွားခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားပြီး သွားရောက်ရာနေရာဖြစ်တဲ့ ဗုဒ္ဓဂါယာသို့ ဇနီးမောင်နှံ ၂ ဦးက သွားရောက်ကာ ဓမ္မစကြာရွတ်ဖတ်ပူဇော်ခဲ့ကြတာလည်း တွေ့ရပါတယ်။ ဂင်္ဂါမြစ်တစ်လျှောက် လှေစီးပြီး လည်ပတ်အတွေ့အကြုံယူခဲ့ပုံကိုလည်း မိုးယုစံက မျှဝေပေးလာခဲ့ပါတယ်။



