back

မြန်မာ၊ ဖိလစ်ပိုင်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် စိုးရိမ်မှုမရှိဘူးလို့ ဗီယက်နမ်အမျိုးသမီးအသင်း နည်းပြချုပ် မိုင်ဒုချွန်ပြောကြား

Dec 04 • 8:05 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

မြန်မာ၊ ဖိလစ်ပိုင်အသင်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပေမယ့် စိုးရိမ်မှုမရှိဘူးလို့ ဗီယက်နမ်အမျိုးသမီးအသင်း နည်းပြချုပ် မိုင်ဒုချွန်ပြောကြား

လာမယ့် ထိုင်းဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(B)မှာ မြန်မာ၊ ဖိလစ်ပိုင်အသင်းတို့လို တောင့်တင်းတဲ့အသင်းတွေနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပေမယ့် စိုးရိမ်မှုမရှိဘူ...

လာမယ့် ထိုင်းဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(B)မှာ မြန်မာ၊ ဖိလစ်ပိုင်အသင်းတို့လို တောင့်တင်းတဲ့အသင်းတွေနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပေမယ့် စိုးရိမ်မှုမရှိဘူးလို့ ဗီယက်နမ်အမျိုးသမီးအသင်းရဲ့ နည်းပြချုပ် မိုင်ဒုချွန်က ပြောကြားခဲ့ပါတယ်။ဗီယက်နမ်အမျိုးသမီးအသင်းရဲ့ နည်းပြချုပ် မိုင်ဒုချွန်က " ကျွန်တော်တို့အသင်းအနေနဲ့ အသင်းကောင်းတွေ အများအပြားနဲ့ ယှဥ်ပြိုင်ကစားထားပါတယ်။ ဒါ့ကြောင့် ကစားသမားတွေအနေနဲ့ အတွေ့အကြုံကောင်းတွေ အများကြီး ရရှိထားပါတယ်။ ဖိလစ်ပိုင်အသင်းက အလျင်အမြန် တိုးတက်လာပေမယ့် ကျွန်တော်တို့ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာအသင်းနဲ့လည်း မကြာခဏတွေ့ဆုံထားတာကြောင့် သူတို့အသင်းအကြောင်း ကောင်းကောင်းသိထားပါတယ်။ မြန်မာ၊ ဖိလစ်ပိုင်တို့နဲ့ ယှဥ်ပြိုင်ရမှာကို စိုးရိမ်မှုမရှိပါဘူး။ မြန်မာနဲ့ ဖိလစ်ပိုင်အသင်းတွေကသာ ကျွန်တော်တို့အသင်းနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေကြမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ရွှေတံဆိပ် ရယူနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။" လို့ ပြောကြားခဲ့ပါတယ်။ ဗီယက်နမ်အမျိုးသမီးအသင်းကတော့ ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(B)မှာ မြန်မာ၊ ဖိလစ်ပိုင်၊ မလေးရှားအသင်းတို့နဲ့ ယှဥ်ပြိုင်ရမှာ ဖြစ်ပါတယ်။

news-view-count-icon

20