back

Vita Max Futsal League I,II (2025-26) ပြိုင်ပွဲအကြို ညှိနှိုင်း အစည်းအဝေးကိုယ‌ေန့ကျင်းပ

Dec 04 • 7:59 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

Vita Max Futsal League I,II (2025-26) ပြိုင်ပွဲအကြို ညှိနှိုင်း အစည်းအဝေးကိုယ‌ေန့ကျင်းပ

Vita Max Futsal League I,II (2025-26) ပြိုင်ပွဲ အကြို ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်း...

Vita Max Futsal League I,II (2025-26) ပြိုင်ပွဲ အကြို ညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသော်၊ ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်း၊ ကော်မတီ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးနိုင်သောင်းထိုက်နှင့် ဦးဖြိုးမောင်မောင်၊ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ဖူဆယ်လိဂ် ကော်မတီ ဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပရေးဆိုင်ရာများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။Vita Max Futsal League I (2025-26) ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက်တွင်လည်းကောင်း၊ Vita Max Futsal League II (2025-26) ပြိုင်ပွဲကို ဒီဇင်ဘာ ၃၀ တွင် လည်းကောင်း အသင်း‌ပေါင်း ၁၂ သင်းစီဖြင့် စတင်ကျင်းပသွားမည် ဖြစ်သည်။

news-view-count-icon

38