back

ပြည်တွင်း ငါးစျေးကွက်တွင် ငါးဖယ်ခြစ် တစ်ပိဿာ ငါးသောင်းထိ ဈေးမြင့်တက်လာ

Dec 04 • 3:57 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း ငါးစျေးကွက်တွင် ငါးဖယ်ခြစ် တစ်ပိဿာ ငါးသောင်းထိ ဈေးမြင့်တက်လာ

ပြည်တွင်း ငါးစျေးကွက်မှာ ငါးကြင်း ၊ ငါးရံ့ ကစျေးကျသွားပြီး ငါးဖယ်ခြစ် နဲ့ ငါးသလောက် စျေးကွက်ကတော့ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေသေးတယ်လို့ ငါးစျေးကွက်ကနေ စုံစမ်းသ...

ပြည်တွင်း ငါးစျေးကွက်မှာ ငါးကြင်း ၊ ငါးရံ့ ကစျေးကျသွားပြီး ငါးဖယ်ခြစ် နဲ့ ငါးသလောက် စျေးကွက်ကတော့ အမြင့်စျေးတန်းမှာပဲ ဆက်ရှိနေသေးတယ်လို့ ငါးစျေးကွက်ကနေ စုံစမ်းသိရှိရပါတယ်။ ငါးကြင်း အသားသီးသန့်ကတော့ တစ်ပိဿာကို ၃၀,၀၀၀ ကျော်ရှိပြီး ငါးရံ့ကတော့ အကောင် အကြီးအသေးပေါ်မူတည်ပြီး စျေးနှုန်း ကွာခြားမှုရှိတယ်လို့ သိရပါတယ်။ငါးဖယ်ခြစ်အစစ်ကလည်း အရင်ကတစ်ပိဿာကို ၃၀,၀၀၀ ကျပ်ကနေ တစ်ဖြည်းဖြည်းမြင့်တက်လာပြီး လက်ရှိမှာတော့ တစ်ပိဿာကို ၅၀,၀၀၀ ကျပ်အထိ စျေးတန်းရှိလာနေတယ်လို့ သိရပါတယ်။စျေးတန်းမြင့်နေတဲ့အတွက် အခြေခံလူတန်းစား နဲ့ လူလတ်တန်းစား မိသားစုအများစုဟာ ငါးသလောက်နဲ့ ငါးဖယ်ခြစ်ကို စားသုံးမှုနည်းပါးလာတယ်လို့ သိရပါတယ်။

news-view-count-icon

37