မြန်မာ့နှမ်းကိုပြည်ပ၀ယ်လိုအားအနည်းငယ်ရှိနေသဖြင့် နှမ်းFOB (Free on Board) ပြည်ပတင်ပို့ဈေးနှုန်းက အတက်ဘက်မှာရှိနေသော်လည်း ပြည် တွင်းဈေးကျဆင်းလာသည်။နှမ်းကို တရုတ်နိုင်ငံအပြင် အခြားသော ပြည်ပနိုင်ငံအချို့ကိုတင်ပို့နေပြီး ယခုရက်သတ္တပတ် နှမ်းFOB ဈေး ကအနည်းငယ် မြင့်တက်လာသည်။ နှမ်းနက်(စမုံ)တစ်တန်လျှင် ဒေါ်လာ၃၀ ဈေးမြင့်တက်ပြီး၊ နှမ်းဖြူ တစ်တန်လျှင် ၁၀ဒေါ်လာဈေးမြင့်တက်သည်။ပြည်တွင်း မန္တလေးဈေးကွက်တွင် နှမ်းနက်(စမုံ)တစ်တန်လျှင် ကျပ်၁၀၂သိန်းကျော်မှ ကျပ်၉၉သိန်းကျော် သို့ဈေးကျနေပါသည်ဟု အစိမ်းရောင်လမ်းတွင် ဖော်ပြထားပါသည်။
Dec 04 • 3:57 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


