မြန်မာနိုင်ငံရဲ့ဂုဏ်ဆောင်ရွှေခေတ် မြန်မာ့လက်ရွေးစင် ကစားသမား ဆရာဦးဖေခင် အသက်(၉၉)နှစ်ဟာ ၂၀၂၅ ဒီဇင်ဘာ ၃ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ရန်အောင်လမ်းသွယ် (၃) လမ်းရှိ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်းသိရပါသည်။ ဆရာ ဦးဖေခင်သည် နိုင်ငံ့လက်ရွေးစင် ကစားသမားဘဝဖြင့် အာရှအဆင့် အောင်ပွဲများစွာရရှိခဲ့သလို ၁၉၅၁ ခုနှစ်မှ ၁၉၆၂ ခုနှစ်အတွင်း Burma Police အသင်း ၊ Custom အသင်းတို့၌ခြေစွမ်းပြ ထင်ရှားခဲ့သည့် ကစားသမား တစ်ဦးလည်းဖြစ်ပါသည်။ဆရာ ဦးဖေခင် ကွယ်လွန်ခြင်းအတွက် မြန်မာ့ဘောလုံး မိသားစု အနေဖြင့် ကျန်ရစ်သူ မိသားစုနှင်အတူ အထူးပင် ဝမ်းနည်းကြေကွဲရပြီး ကောင်းရာသုဂတိသို့ ရောက်ရှိပါစေကြောင်း ဂါရဝပြု ဆုတောင်းအပ်ပါသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ထုတ်ပြန်ထားပါသည်။
| 48 | 0 | 0 | 0 |


