back

မန္တလေးတိုင်း၊ဒိုးကွင်ဥယျာဉ်ခြံမှ ပန်းမျိုးစေ့(၆)သိန်းကျော်နှစ်စဉ်ဖြန့်ဖြူး ရောင်းချပေးနေ

Dec 04 • 3:55 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်း၊ဒိုးကွင်ဥယျာဉ်ခြံမှ ပန်းမျိုးစေ့(၆)သိန်းကျော်နှစ်စဉ်ဖြန့်ဖြူး ရောင်းချပေးနေ

မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ ဒိုးကွင်ဥယျာဉ်ခြံမှ နှစ်စဉ် ဂန္ဓမာပန်းပျိုးပင် ခြောက်သိန်း၊ ကြက်မောက်ပန်း ပျိုးပင် ၅,၀၀၀၊ ဒေလီယာပန်းပျိုးပင် ၂,၀၀၀၊ ဒေစီပန်းပျိုးပင်...

မန္တလေးတိုင်း၊ပြင်ဦးလွင်ရှိ ဒိုးကွင်ဥယျာဉ်ခြံမှ နှစ်စဉ် ဂန္ဓမာပန်းပျိုးပင် ခြောက်သိန်း၊ ကြက်မောက်ပန်း ပျိုးပင် ၅,၀၀၀၊ ဒေလီယာပန်းပျိုးပင် ၂,၀၀၀၊ ဒေစီပန်းပျိုးပင် ၁,၂၀၀၊ ရေမွှေးပန်းပျိုးပင် ၁,၅၀၀ ၊ သစ်ခွပန်း ပျိုးပင် ၁,၅၀၀၊ မေမြို့ပန်းမျိုးစေ့တွေကို နှစ်စဉ်ဖြန့်ဖြူးပေးလျက်ရှိတဲ့အပြင် နှစ်စဉ်ကျင်းပလျက်ရှိသော ပြင်ဦးလွင် ပန်းပြပွဲသို့လည်း မျိုးစေ့ပျိုးပင်များ ဖြန့်ဖြူးပေးလျက်ရှိတယ်လို့ သိရပါတယ်။ပြင်ဦးလွင် ဒိုးကွင်ဥယျာဉ်ခြံမှာ မြန်မာနိုင်ငံတစ်ဝှမ်းမှသစ်ခွမျိုးပေါင်း (၁၀၃)မျိုး စုဆောင်းထားရှိထားတယ်လို့ ဆိုပါတယ်။အလားတူ ပြည်တွင်း ဒေသမျိုး မေမြို့ပန်းများအား တာရှည်ခံနိုင်ရေး၊ အပင် ပင်စည်တောင့်တင်းမှုရှိစေရေး၊ ရောင်စုံမျိုးသစ်များပေါ်ထွက်ရေး သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်ဒေသတွင် ဖြစ်ထွန်းနိုင်သည့် ဒေစီပန်း၊ ကညွတ်ပန်း၊ ကျောက်ခက်ပန်း၊ ရေမွှေးပန်း၊ တိုးနရားပန်းအပါအဝင် ဒေသပန်းမျိုးစုံအား ဈေးကွက်ဝင်အရည်အသွေးဖြင့် မျိုးထုတ်လုပ်နိုင်ရေးကိုလည်း သုတေသနပြုဖော်ထုတ် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

72